Burmese: Domestic Violence

'Escape' in Burmese

အန္တာရယ်ကင်းရှင်းရေးအတွက်အရေးကြီးသတိပေးချက်
အထက်ပါလွတ်မြောက်ခြင်းခလုတ်ကိုနှိပ်ခြင်းဖြင့်အခြားအင်တာနက်စာမျက်နှာသို့ချက်ချင်းသွားနိုင်သည်။
သင်သည်နှိပ်စက်ခံအခြေအနေတွင်ရှိနေပြီးကျွှန်ုပ်တို့၏အင်တာနက်စာမျက်နှာကိုသင့်အိမ်ကွန်ပျူတာမှ
အသုံးပြုလျင်၊သင့်အားနှိပ်စက်သူမှသင့်အင်တာနက်အသုံးပြုမှုကိုစောင့်ကြည့်ခြင်းကြောင့်အန္တာရယ်ရှိနိုင်သည်။ သင့်လုံခြုံရေးအတွက်ကျွှန်ုပ်တို့၏အင်တာနက်စာမျက်နှာကို စိတ်ချရသော၊အများပြည်သူသုံး
ကွန်ပျူတာမျာမှအသုံးပြုရန်တိုက်တွန်းပါသည်။အင်တာနက်လုံခြုံရေးအတွက်လေ့လာရန် နေရာကိုနှိပ်ပါ။

Please install and configure your browser for the WinInnwa font or Padauk font to view this page.

ကျန်းမာခြင်း အစ – လိုအပ်သော အာရှအမျိုးသမီးများအား ဝန်ဆောင်မှုပေးခြင်း

နှတ်လုံပြီးစိတ်ချရမှုရှိသည်

အိမ်တွင်းအကြမ်းဖက်မှုဆိုတာဘာလဲ

အိမ်တွင်းအကြမ်းဖက်မှုသည်ပြစ်မှုဖြစ်သည်။

အတူတွဲနေ၊ မိသားစု သို့မဟုတ် အိမ်တွင်း တွင် တစ်စုံတစ်ဦးမှ အခြားတစ်ဦးအား နှတ်၊ကိုယ်ကာယ၊ လိင်ဆိုင်ရာ၊စိတ်ခံစားမှုဆိုင်ရာ၊စိတ်ဓာတ်ရေးရာ နှင့် ငွေးကြေးဆိုင်ရာ အလွဲသုံးစား၊ခြိမ်းခြောက်၊ ရှောင်ဖယ်ခွာ၊အကျပ်ကိုင်ခြင်းဆိုင်ရာတို့အတွက် ခွန်အားဗနှင့်ထိန်းချုပ်ရန် ကြိုးစားသော ပုံဖေါ်မှုမျိုးဖြစ်သည်။

 

ရွှေ့ပြောင်းနှင့်ဒုက္ခသည်အမျိုးသမီးများ ကြုံတွေ့ရသောအခက်အခဲများ

ဘာသာစကားအခက်အခဲ။ ။ မိခင်ဘာသာစကားဖြင့် အထောက်အပံ့နှင့်အရင်းအမြစ်ရှာဖွေမှုခက်ခဲခြင်းသည် ဒုက္ခသည်များကိုပိုမိုအထီးကျန်စေသည်။

ကြောက်ရွံ့ခြင်း။ ။ နိုင်ငံအသစ်တွင်ရောက်ရှိပြီးမတူညီသောအခက်အခဲများကိုရင်ဆိုင်ရခြင်း

   ပတ်ဝန်းကျင်ဖိအား။ ။ ကျွမ်းကျင်သူ၏အကူအညီမပါဘဲမိမိပတ်ဝန်းကျင်တွင်နှိပ်စက်မှုကိုဖြေရှင်းမှုတွင်ဖိအားရှိခြင်း

 ဥပဒေအခက်အခJ။ ။ ဥပဒေရေးရာရွေးချယ်မှုကိုမသိ နားမလည်ခြင်း

 မိမိဘာသာမရပ်တည်နိုင်ခြင်း။ ။ ငွေရေးကြေးရေး အခက်အခဲကြောင့်နှိပ်စက်သူနှင့်အတူရှိနေခြင်း

 

သင်အန္တာရယ်ရှိလျင်

· သင့်အန္တာရယ်ကင်းရှင်းရေးသည်ပထမဦးစားပေးဖြစ်သည်။

· နိုင်ငံကူးလက်မှတ်၊လူဝင်မှုကြီးကြပ်ရေးနှင့်ဆိုင်သော စာရွတ်စာတမ်းများ၊ကလေးမွေးစာရင်း၊သော့နှင့်ငွေသား အချို့ပါဝင်သော တစ်ညတာအသုံးပြုနိုင်သောအိတ်ကို စိတ်ချရသောနေရာတွင်ထားရှိပါ။

· အရေးပေါ်အကူအညီအတွက် (၉၁၁) သို့ခေါ်ဆိုပါ။ အာရှသားဝန်ဆောင်မှုအဖွဲ့သို့လည်း အကြံဉာဏ်နှင့် အကူအညီအတွက် ခေါ်ဆိုပါ။

· ထိခိုက်ဒဏ်ရာများအတွက် ဆေးကုသမှုခံယူပါ။

· အထောက်အထားများကိုသိမ်းထားပါ။ ထိခိုက်ဒဏ်ရာများ အတွက်ဓါတ်ပုံရိုက်ထားပါ၊ဆရာဝန်ဆေးစာနှင့် ရဲမှတ်တမ်း မိတ္တူများကိုသိမ်းထားပါ။

   မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကိုရယူပါ။

 

အာရှသားဝန်ဆောင်မှုအဖွဲ့၏ အိမ်တွင်းအကြမ်းဖက်မှုအစီအစဉ်သည် လိုအပ်သော ရွေ့ပြောင်းအခြေချမိသားစုများအတွက် ယဉ်ကျေးမှုနှင့်

ဘာသာစကားဆိုင်ရာ သင့်တော်သောဝန်ဆောင်မှုများပေးပါသည်။ အာရှသားဝန်ဆောင်မှုအဖွဲ့၏ အိမ်တွင်းအကြမ်းဖက်မှုအစီအစဉ်သည် အခမဲ့ဖြစ်သည်။ အောက်ပါဝန်ဆောင်မှုများရနိုင်သည်။:

· ဥပဒေရေးရာအကူအညီ၊အကြံပေး (လူဝင်မှုကြီးကြပ်ရေး မိသားစုဥပဒေ)

· ဘာသာစကားဝန်ဆောင်မှု

· ထောက်ပံ့ကြေး ချင့်ချိန်ဆုံးဖြတ်မှု

· ငွေရေးကြေးရေးစီမံကိန်း

· ဒုက္ခသည်အကြံပေးခြင်း

· မိသားစုအကြမ်းဖက်မှု ပညာပေးနှင့်ထောက်ပံ့မှု


ဆက်သွယ်ရန်

အာရှသားဝန်ဆောင်မှုအဖွဲ့၏ ဝန်ဆောင်မှုအစီအစဉ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များ၊သင့်ပတ်ဝန်းကျင်နှင့်အဖွဲ့အစည်းများအတွက် မည်သို့ဝန်ဆောင်မှုပေးနိုင်မည်နှင့်ပတ်သက်၍ အကြံပေးလိုလျင် အာရှသားဝန်ဆောင်မှုအဖွဲ့ရုံး  ဖုန်း။ ၂၁၆-၈၈၁-ဝ၃၃ဝ (ကလိဗလန်း) သို့မဟုတ် ၃၃ဝ-၅၃၅-၃၂၆၃ (အက်ခရွန်) သို့မဟုတ် အီးမေလ်းလိပ်စာ asia@asiaohio.org  သို့တိုက်ရိုက်ဆက်သွယ်နိုင်သည်။

 

အာရှသားဝန်ဆောင်မှုအဖွဲ့ အိမ်တွင်းအကြမ်းဖက်မှု အစီအစဉ်

ဖုန်း။ ။   ၂၁၆-၈၈၁-၀၃၃၀ (ကလိဗလန်း)

          ၃၃၀-၅၃၅-၃၂၆၃ (အက်ခရွန်)

အီးမေလ်း။ ။  safeline.asia@gmail.com

အင်တာနက်။ ။  www.asiaohio.org

အာရှသားဝန်ဆောင်မှုအဖွဲ့၏အိမ်တွင်းအကြမ်းဖက်မှုအစီအစဉ်သည် အိုဟိုင်းအိုပြည်နယ် ပြည်သူအန္တာရယ်ကင်းရှင်းရေးဌန ပြစ်မှုကျူးလွန်ခြင်းဆိုင်ရာတရားမျှတမှုရုံး မှ ခွင့်ပြုမိန့်အမှတ် ၂၀၁၂ ဗီပီ ၀၀၂-၄၁၇၂ ဖြင့်ထောက်ခံသည်။

ASIA’s Domestic Violence Program is supported by Grant No. 2012-VP-002-4172 awarded by the Office of Criminal Justice Services, Ohio Department of Public Safety and Verizon Foundation.

'Escape' in Burmese

Leave a Reply